စာရေးသူ

အားလုံးမြင်နိုင်ရန်
Winn Collier

ဝင်းကော်လီယာ

၂၅ နှစ်ကြာ သင်းအုပ်အဖြစ် ဆက်ကပ်လုပ်ဆောင်နေသော ဆရာ ဝင်းကော်လီယာ (Winn Collier)သည် သူ့မိသားစုနှင့်အတူ အမေရိကနိုင်ငံ၊ မီရှိဂန်ပြည်နယ်ရှိ ဟော်လန်မြို့တွင် နေထိုင်လျက်ရှိသည်။ ထိုမြို့ရှိ Western Theological Seminary (အနောက်ပိုင်းဆိုင်ရာ ဘာသာရေးယုံကြည်မှု ကျမ်းစာသင်ကျောင်း) တွင် ဆရာသည် သင်ကြားပို့ချပေးပြီး Eugene Peterson Center for Christian Imagination (ယူဂျင်း ပီတာဆန် - ခရစ်ယာန် စိတ်အာရုံဆိုင်ရာ စင်တာ) တွင်လည်း ဦးဆောင်ညွှန်ကြားသူအဖြစ် ဆောင်ရွက်လျက်ရှိသည်။ မိတ်ဆွေအပေါင်းအသင်းဖွဲ့မည်၊ ကော်ဖီသောက်မည်၊ ရုပ်ရှင် ကြည့်မည်၊ အကျိုးရှိမည့်စာအုပ်ဖတ်မည်၊ တောင်တတ်မည်၊ အမေးအဖြေ လုပ်မည်၊ တောအုပ်ထဲ လမ်းလျှောက်မည်။ ဤသည်တို့မှာ ဆရာ ဝင်း၏ ဝါသနာများပါ။ ဟန်ဆောင်မှု၊ ကြောက်ရွံ့မှု၊ မတရားမှုများကိုဖြင့် ဆရာ နည်းနည်းလေးမျှ သဘောမကျ။ ဆရာသည် မဂ္ဂဇင်းများ၌လည်း စာမူများရေးသားလေ့ရှိပြီး ဆရာရေးသားသည့် စာအုပ်များမှာမှာ Restless Faith: Hanging on to a God၊ Let God: The Transforming Wisdom of François Fénelon၊ Holy Curiosity: Encountering Jesus’ Provocative Questions၊ ပေးစာဟန် ဝတ္ထုများဖြစ်သည့် Love Big, Be Well: Letters to a Small-Town Church နှင့် A Burning in My Bones: The Authorized Biography of Eugene Peterson တို့ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဝင်းကော်လီယာ

ကျေးဇူးတော်၌ နှစ်မြှုပ်ခြင်း

၁၇ နှစ်သား ရဲန်ဒီ ဂါ့ဒ်နာသည် ၁၁ ရက်နှင့် ၂၅ မိနစ်ကြာမျှ မအိပ်ဘဲနေခဲ့ပြီးနောက် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် တစ်မှေး အိပ်ပျော်သွားတော့သည်။ လူတစ်ယောက်သည် မအိပ်ဘဲ မည်မျှကြာကြာနေနိုင်သည်ကို ဂင်းနစ်ကမ္ဘာစံချိန်စာအုပ်မှ စံချိန်ကို သူချိုးနိုင်ခဲ့သည်။ အချိုရည်သောက်၊ ဘက်စကတ်ဘော ဂိုးသွင်းခြင်း၊ ဘိုးလင်း ကစားခြင်း စသည်ဖြင့် ရက်သတ္တပတ် ၁ ပတ်ကျော်မျှ တောင့်ခံ ခဲ့သည်။ နောက်ဆုံး အရုပ်ကြိုးပြတ်မလဲမီ သူ့ပါးစပ် အရသာ၊ အနံ့ခံအာရုံနှင့် အကြားအာရုံများ လုံးဝပျက်စီး သွားသည်။ နှစ်ပေါင်းများစွာ ဂါ့ဒ်နာသည် အိပ်မရသည့် ရောဂါနှင့် နပမ်းလုံးခဲ့ရသည်။ စံချိန်သစ်ကို သူတင်နိုင်ခဲ့သလို၊ အိပ်စက်ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း အထင်အရှား သူလက်ခံအတည်ပြုခဲ့သည်။

ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်ရန်အရေးအတွက် လူများစွာတို့ လုံးပမ်း ရုန်းကန်ရသည်။ ပူပန်စရာသောကများသောကြောင့်၊ ပြီးစီးလုပ်ဆောင်ရမည့်ကိစ္စ မပြီးမှာ…

မိုးကောင်းကင်ကို ဖွင့်လှစ်၍

မကြာမီက မိတ်ဆွေတစ်ဦးနှင့် စကားပြောခဲ့ရာ ‘‘တစ်ခုခု လှုပ်ရှားလုပ်ဆောင်နေပုံ မပေါ်တဲ့ ဘုရားကို ကျွန်မ ဘယ်လို ဆက်ပြီး ယုံကြည်ရမလဲ’’ ဟု ကြားဖူးနေကျ ပြစ်တင် မြည်တမ်းမှုနှင့်အတူ သူ့ယုံကြည်ခြင်းကို စွန့်ခဲ့ကြောင်း ပြောခဲ့သည်။ ဤခံနိုင်ရည် ပျက်စီးမှုကို ပြသည့် မေးခွန်းကို ကျွန်ုပ်တို့ တစ်ချိန်မဟုတ်တစ်ချိန် ကြုံကြ၊မေးကြသည်။ မိမိ၏နာကျင်စရာများရှိရသည့်အထဲ သတင်း၌ အကြမ်းဖက် မှုများကို ဖတ်ရသည်တွင် ကျွန်ုပ်မိတ်ဆွေ၏စိတ်ပျက် အားလျော့မှုက သူ့ကိုယ်စား ဘုရားသခင် လှုပ်ရှားပေးရန် သူ အလွန်အမင်း ဖြစ်စေချင်သည့် ဆန္ဒကို ပြနေသည်။ ကျွန်ုပ်တို့ အားလုံးလည်း ထိုသို့ ဆန္ဒရှိသည် မဟုတ်ပါလား။

ဣသရေလ လူတို့သည်လည်း ဤအခြေအနေကို နားလည်သည်။ ဗာဗုလုန်အင်ပါယာက ဣသရေလပြည်ကို လွှမ်းမိုးလျက် ပြင်းထန်ကြမ်းတမ်းစွာ ဖိနှိပ်အုပ်ချုပ်လျက် ယေရုရှလင်မြို့ကို ငါးဖယ်ထောင်း ထောင်းနေသည်။ ပရောဖက်ဟေရှာယက သံသယအမှောင်ထုထဲ ကျနေသူတို့၏စကားကို…

လက်ကမ်းကြိုဆိုနေသော ကျွန်ုပ်တို့၏ဘုရားသခင်

အမေရိကန်ဥပဒေရုံးတော်၏ ညွှန်ကြားချက် (ယခင် ကော်ကေးရှန် ကျောင်းသားများသာ တက်ရောက်နိုင်သောကျောင်းကို အာဖရိကန်-အမေရိကန် ကျောင်းသားများ တက်ရောက် သင်ကြားနိုင်ရန် ချမှတ်သောဥပဒေ) ကို လိုက်နာမည့်အစား ၁၉၅၈ ခုနှစ်တွင် ပိတ်လိုက်သော မူလတန်းကျောင်းအဟောင်း တစ်ခုတွင် ကျွန်ုပ်တို့ အသင်းတော်ပြုလျက် ၀တ်ပြုစည်းဝေးကြပါသည်။ ၁၉၅၉ ခုနှစ်တွင် ထိုမူလတန်းကျောင်းပြန်ဖွင့်ပြီး ယခု ကျွန်ုပ်တို့အသင်းသား တစ်ဦးဖြစ်သည့် အဲလ်ဗာ သည် ထိုအချိန်က လူဖြူအသိုင်းအဝိုင်းသို့ အတင်းအကြပ် ဖိအားပေး သွတ်သွင်းခံရသော လူမဲ ကျောင်းသူ တစ်ဦးဖြစ်ခဲ့သည်။ “ကျွန်မနဲ့ အသားကျ ရင်းနှီးတဲ့ ဆရာဆရာမများအပါအဝင် လုံခြုံမှု ရှိတဲ့ အသိုင်းအဝိုင်းက အထုတ်ခံရပြီး အခြားလူမဲကျောင်းသားတစ်ဦးနဲ့ကျွန်မ နှစ်ယောက်ပဲ ရှိတဲ့ ကြောက်စရာ စာသင်ခန်းအသစ်ကို အပို့ခံရတယ်” ဟု အဲလ်ဗာက ပြန်လည်ပြောပြသည်။ အဲလ်ဗာ သည် အခြားကျောင်းသားများနှင့် ကွဲပြားခြင်းကြောင့် ဒုက္ခခံရသော်လည်း သတ္တိရှိသော၊…